ကျောက်ဆည်မြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်း ဦးလှစိုးခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ (၂)နာရီက စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာပေဟော်ပြောပွဲတွင် ကျောက်ဆည်စာရေးဆရာအသင်း နာယကများဖြစ်သည့် ဦးအောင်မြင့်က “ပညာရေးသည်အမျိုးသားအရေး”၊ ဦးစိုးမြင့်ဒွဏ်း(အာယုဗေဒ)က “သုတရသစာပေများ”၊ မောင်ချစ်ထွေး (မဟာဝိဇ္ဇာ)က “မြန်မာ့ရှေးခေတ်ကဗျာများ”၊ ဆရာ ကေတောင်တန်းပြာက “ရသဝတ္ထိုဆိုသည်မှာ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

စာပေဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသားကျောင်းသူများ နောင်တစ်ချိန်၌ ကျရာတာဝန်များထမ်းဆောင်ရာ၌ အမျိုးသားရေးစိတ်များကိန်းအောင်ပြီး လိမ္မာယဉ်ကျေးစွာဖြင့် လုပ်ငန်းများအောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)