မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး မနုဟာဘုရား ရွှေသင်္ကန်းကပ်လှူပူဇော်

ညောင်ဦး ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ အေဒီ(၁၁)ရာစု၊ မနုဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၊ အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇)ဆူအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းတည့် ၁၂ နာရီက စတင် ကပ်လှူပူဇော်နေပြီဖြစ်ကြောင်းသိရသည်။

ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များက မနုဟာဘုရားကြီး ပင်မစေတီတော်အားရွှေ သင်္ကန်းစတင်ကပ်လှူ ပူဇော်ခဲ့ကြောင်းသိရသည်။ မနုဟာဘုရားကြီးတိုက်မပေါ်ရှိ ပင်မစေတီတော်(၁)ဆူ၊ အရန်စေတီတော် (၃၆)ဆူတို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းလျက်ရှိရာ မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် ၃ သိန်းကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း