ညောင်ဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်မီး၊ ထင်းမီးနှင့် Gas မီးများ အသုံးပြုရာတွင် စနစ်တကျ ရှိစေရေး ကွင်းဆင်းပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၁၁ နာရီက ညောင်ဦးမြို့၊ အမှတ်(၁) သာယာဝတီရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း ဦးဆောင်သော ခရိုင်/မြို့နယ် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ/ ရာအိမ်မှူးများ၊ ကျောင်းတာဝန်ခံများ၊ ဓမ္မာရုံတာဝန်ခံများနှင့် ပူးပေါင်း၍ ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ ဖောင်တော်ဦးဓါတ်ပုံ(ဘုရား)၊  ဓမ္မာရုံ(သာယာဝတီ)၊ မူလွန်(ရွှေကုန်း)၊ ဓမ္မာရုံ (သီရိမင်္ဂလာ)နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ မူလွန် (၂)၊ ဓမ္မာရုံ(ယွန်းတန်း)နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ စုစုပေါင်း ဓမ္မာရုံ ၄ လုံး၊ မူလတန်းလွန်ကျောင်း ၂ ကျောင်း၊ လူနေအိမ်ခြေ ၂၄၀ ၊ အိမ်ထောင်စု ၂၆၅ စု၊ လူဦးရေ ၈၇၀ ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။                 

ဒီပါလင်း (ပြန်/ဆက်)