ကမမောင်း ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန် ရှိစေရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ကမမောင်းမြို့၌ ဒီဇင်ဘာ ၁ ရက်နံနက် (၈)နာရီမှစ၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မဲစာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့် မကျန်ရှိစေရးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက မဲစာရင်းစစ်ဆေးရေးအဖွဲ့ (၄) ဖွဲ့ခွဲကာ နို့ထကျေးရွာ အုပ်စုသို့ သွားရောက်၍ လမ်းအလိုက်တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့် လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)