သရက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်တွေကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်အောင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများမှ စာတွေ့၊ လက်တွေ့သင်တန်းများတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာမဲရုံဝန်ထမ်းတွေကို မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများအား ပြန်လည်သင်တန်းများပို့ချပေးရန်နှင့် ရွေးကောက်ပွဲကျင်းပသည့်အခါတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ရမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်နှင့်အညီ သိရှိနားလည်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သင်ကြားပေးရသည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် နည်းပြဆရာ၊ ဆရာမများက မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများကို ဒီဇင်ဘာလ (၁) ရက်နေ့မှ (၂)ရက်နေ့ထိ သင်တန်းသား/သူ (၁၁၆)ဦးအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန် ချက်များ၊ မဲပေးစက်ဖြင့်ရရှိသည့် ရလဒ်များ၊ မဲပေးစက်ပြင်ဆင်ဆောင်ရွက်နည်းများအား ပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်၊ဆက်