မိတ္ထီလာ ဒီဇင်ဘာ ၁
မိတ္ထီလာမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များအား Installation လုပ်ငန်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက်အဆိုပါ ကျောင်းခန်းမအတွင်း မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်ရန် စက်ပစ္စည်းများတပ်ဆင်ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၊ ခရိုင်ရွေးကောက်ပွဲ ကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၊ MEVM မဲပေးစက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ