သရက်ချောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်စစ်ဆေး

သရက်ချောင်း ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးအတွက် မြေပြင်တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

‎‎သရက်ချောင်းမြို့နယ်အတွင်း နိုင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဒုတိယအကြိမ် ဆန္ဒမဲအမည်စာရင်းများ ကပ်ထားကြေညာခဲ့ရာ မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ ဆန္ဒမဲပေးခွင့်ရရှိမည်ဖြစ်သည့်အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ သရက်ချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း အဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုက်ဆိုင်စစ်ဆေးပေးခြင်းလုပ်ငန်းစဥ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများထံသို့ Door to Door နေ့စဥ်ကွင်းဆင်းပြီး အိမ်ထောင်စုစာရင်းများဖြင့် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်‌ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး ပါဝင်မှုမရှိသေးသူများအား ပုံစံ-၃ဖြင့်လည်းကောင်း၊ ပြင်ဆင်ပယ်ဖျက်ခြင်းများရှိပါက ပုံစံ-၄ ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၄) ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)