ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ချမ်းမြသာစည်  ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့သစ် (၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်(၁၄) ရပ်ကွက်ရှိ မဲရုံ(၈၇)ရုံမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး အိမ်ထောင်စုဇယားများနှင့် တိုက်ဆိုင်စိစစ်၍ မဲစာရင်းတွင်ပါဝင်မှု ရှိ/မရှိ မပါရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများသို့ သွားရောက်၍ ပြင်ဆင်ရန် အကြံပေးခဲ့သည်။

အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု-လဝကမှူး ဒေါ်ဖြူစင်ဝင်း၊ မြို့သစ်(၁)ရပ်ကွက်အုပ်ချုပ်ရေး ဦးမျိုးတင့်နှင့် ရပ်ကွက်စာရေးများ၊ တာဝန်ရှိသူများက လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)