လသာမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

လသာ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ဆက်လက်လိုက်လံကွင်းဆင်း  ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းရာတွင် လသာမြို့နယ်‌၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားလျက်ရှိရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင်ပါဝင်သင့်သူပါဝင်ပြီး မပါဝင်သင့်သူများပါဝင်မှုမရှိစေရန် မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင် (ပြန်/ဆက်)