ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ရဲဘော်စိုက်ကွင်းအနောက်ရပ် ၁၁၅ လမ်း× တာဝတိံသာလမ်းကြားရှိ လူမူကူညီရေးအသင်းရုံးသို့ ယနေ့နံနက် ၁၀ နာရီခွဲက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိ‌သေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြည်သူများ မကျန်‌ရှိ‌စေရေးအတွက် အမှတ် (၆) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးနေမျိုးဝေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းအောင်မျိုး| မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုး၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင်၊ ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ ရောက်ရှိလာပြီး ချမ်းမြသာယာရပ်ကွက်အတွင်းတွင် မဲစာရင်းမှန်ကန်စေရေးအတွက် (ထွေအုပ်၊ လဝက၊ ကော်မရှင်) အဖွဲ့များမှ Door to door မြေပြင်ကွင်းဆင်းစစ်ဆေးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)