ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်မှန်ကန်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဆိပ်ဖြူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးနှင့် မြေပြင်ရှိမဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲစာရင်းမှန်ကန်မှု ရှိ / မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်း ပါဝင်ခြင်း ရှိ/မရှိ နှင့် မဲစာရင်း၌ မပါဝင်သင့်သူများ မပါသင့်သူများ ပါဝင်နေခြင်း၊ ကြေငြာထားရှိသည့် မဲဆန္ဒရှင်စာရင်းတွင် အိမ်ထောင်စုများအလိုက် လဝက၏( ၆၆/၆ ) အရ မဲစာရင်းတွင်းပါဝင်ခြင်း ရှိ/မရှိတို့ကိုလည်းကောင်း ၊ အိမ်ထောင်စုနှင့် နေအိမ်များအလိုက် Door To Door မြေပြင်စာရင်းကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အသိပညာပေးပြောကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

သူရိန်(ဆိပ်ဖြူ)