မြဝတီမြို့ရှိ မဲစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်

မြဝတီ ဒီဇင်ဘာ ၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မဲဆန္ဒရှင်ပြည်သူများမှ မဲပေးခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက အဖွဲ့များခွဲ၍ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရပ်ကွက် (၇) ရပ်ကွက်အနက် ကျန်ရှိသည့် ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်မှကြီးကြပ်မှုဖြင့်  မြို့နယ်ရွေးကောင်ပွဲကော်မရှင် (အဖွဲ့ခွဲ)  မှ တာဝန်ရှိသူများက ပူးပေါင်း၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ စာရင်းကောက်ယူရေးအဖွဲ့တို့မှ နိုဝင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ရပ်ကွက် (၇)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို တိုက်ဆိုင် စစ်ဆေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့်မြဝတီ မြို့နယ်ရှိသတ်မှတ် မဲရုံများဖြစ်သည့် မြို့ပေါ် (၇) ရပ်ကွက်နှင့် ပူလွဲပူကျေးရွာအုပ်စုရှိ (အရပ်သား၊ တပ်မဲရုံ)၊ မဲပလဲ့ကျေးရွာအုပ်စုစု၊ မဲကနယ် ကျေးရွာအုပ်စု၊ ဖားကလူကျေးရွာအုပ်စုများရှိ (တပ်မဲရုံ)များဖြင့် အရပ်သားမဲရုံ (၃၅) ရုံ၊ တပ်မဲရုံ (၇) ရုံ သတ်မှတ်မဲရုံပေါင်း (၄၂) ရုံများမှ မဲစာရင်းများပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)