သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၅၆၄၁၈) ဧကစိုက်ပျိုးရန်လျာထား

သဲကုန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၅၆၄၁၈) ဧကစိုက်ပျိုးရန် လျာထားလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် မတ်ပဲရေဆင်း-၄ (၂၇၁၁ဧက)၊ ရေဆင်း-၇ (၁၀၀၀၀ေဧက)၊ TBL-9 (၂၅၀၀၀ဧက)၊ ပဲတီစိမ်း (သြဇီ-၁၁၂၃ဧက)၊ (ရေဆင်း ၅၅၉ဧက )၊ ပဲကြီး (ဒေသမျိုး ၁၃၉ဧက)၊ ဘိုကိတ်ပဲ (ဒေသမျိုး ၁၆၈၂၂ ဧက)၊ ပဲနောက် (ဒေသမျိုး ၇၅ဧက)စုစုပေါင်း (၅၆၄၁၈) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ ယခုအခါ (၁၂၆၉၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး ပြေလည်စေရန်၊ ဒေသဝမ်းစာဖူလုံ​စေရန်အပြင် စားရေရိက္ခာများဖူလုံစေရန်အတွက် ရာသီအလိုက်သီးနှံမျိုးစုံများအား စိုက်ပျိုးရောင်းချလျက်ရှိရာ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး၊ မြေဩဇာများနှင့် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ်စေရေး၊ အထွက်နှုန်းများကောင်းမွန်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)