သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ စစ်ဆေးဆောင်ရွက်လျက်ရှိ

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ နေ့ နံနက်ပိုင်းက လဟာကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သောဌာနဆိုင်ရာများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံးမဲစာရင်း၌ ပါဝင်စေရေး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)