ကွမ်းခြံကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

‌‌ကွမ်းခြံကုန်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိ‌စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ နေ့က ကျေးရွာများတွင် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များက ကွမ်းခြံကုန်းမြို့နယ်ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုနှင့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးအပြည့်အဝရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်‌ဆေးခြင်းများကို၊ ကွမ်းခြံကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ ဗိုလ်မှူးပြည့်စုံစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)