ဒေါပုံ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်၀စွာ ရရှိစေရေးနှင့် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာ၀န်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် ဒေါပုံမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) ကွင်းဆင်းခြင်းကို ရပ်ကွက် (၁၄) ခုတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင်ပါ၀င်သည့် အမည်စာရင်း မှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံကွင်းဆင်းကာ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)