တွံတေး ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၀ နာရီတွင် အိုးဘိုအရှေ့ရပ်ကွက်၊ အိုးဘိုအနောက်ရပ်ကွက်နှင့် ရှမ်းစုကျေးရွာတို့တွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်တိုင်ရာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း၍ အိမ်တိုင်ရာရောက် (Door to Door) မဲစာရင်းစစ်ဆေးမှုအား စတင်ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးညွန့်နွယ်နှင့် အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်ဝေဦးနှင့် အဖွဲ့၊ တွံတေးမြို့မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးနိုင်၊ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ထူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ကျွန်းတောရပ်ကွက်နှင့် အိုးဘိုအရှေ့ရပ်ကွက်တို့တွင် မဲစာရင်းမှန်ကန်စေရေး၊ မဲစာရင်းတွင် မပါသင့်သူများ မပါဝင်စေရေးနှင့် ပါသင့်သူများ မကျန်စေရေးအိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့၊ တွံတေးမြို့မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးနိုင်၊ မြို့နယ်လဝကဦးစီးမှူးဦးကျော်ထူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ အိုးဘိုအနောက်ရပ်ကွက်နှင့် ရှမ်းစုကျေးရွာအုပ်စုတို့တွင် မဲစာရင်းမှန်ကန်စေရေး၊ မဲစာရင်းတွင် မပါသင့်သူများ မပါဝင်စေရေးနှင့် ပါသင့်သူများ မကျန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိနိုရသည်။
မျိုးလှိုင်