သံတောင်ကြီး ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးအပြည့်အဝရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားတိုင်းမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် သံတောင်ကြီးမြို့ ရပ်ကွက်(၄) ရပ်ကွက်(၅)နှင့် လိပ်သိုမြို့ ရပ်ကွက်(၁)တို့တွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အိမ်တိုင်ရာအရောက် တစ်အိမ်တက်ဆင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ထို့သို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အတွင်းရေးမှူး သက်ဆိုင်ရာကော်မရှင် အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ၃၊ ပုံစံ ၄၊ ပုံစံ၄(ဂ)များဖြင့် တောင်းဆိုကန့်ကွက် ပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ