လမ်းမတော်မြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီတွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး အိမ်တိုင်ရာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ရပ်ကွက်များအလိုက် မြေပြင်တစ်အိမ်တက်ဆင်း (Door to Door) ကွင်းဆင်းစိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွန့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေလင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်သီတာညွန့်တို့မှ ရောက်ရှိလာပြီး အမှတ် (၁၀) ရပ်ကွက် Door to Door ကွင်းဆင်းစိစစ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်သူဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လဝကမှူး ဦးကြည်စိုးဟန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝေ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသန့်ကိုကိုထွေးတို့၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်

ကျော်ဆန်းမြင့်