ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် 

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့်  ယနေ့နံနက်ပိုင်းမှစတင်၍ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ သစ်တောရပ်ကွက်နှင့် ဧရာဝတီရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်“မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်း၍ စစ်‌ဆေး‌ပေးရခြင်းဖြစ်ပြီး ရပ်ကွက်စာရေးများ (အဖွဲ့ခေါင်းဆောင်)၊ လဝကတိုက်နယ်မှူးများ (ဒုအဖွဲ့ခေါင်းဆောင်)၊ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ရပ်ကွက်များအတွင်း မဲစာရင်းများပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေးနှင့် မပါသင့်သူများ မပါဝင်စေရေးတို့အတွက်အိမ်တိုင်ရာရောက် မဲစာရင်းများ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း၍ အိမ်တိုင်ရာရောက် (Door to Door) မဲစာရင်းစစ်ဆေးမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်း အဖွဲ့ဝင်ခရိုင်လဝကမှူး ဦးကျော်စိုးအောင်၊ အဖွဲ့ဝင် ဦးမင်းသိန်း၊ အဖွဲ့ဝင် ဦးမျိုးသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများမှ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိနေရာများအား ဆက်လက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယောဧရာ မြို့နယ်(ပြန်/ဆက်)