ဘားအံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘားအံ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင်  ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”ဆောင်ပုဒ်နှင့်အညီ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးကြပါစို့”၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့”စသည့်အကြောင်းအရာများပါ လက်ကမ်းစာစောင်များကို ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေ ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)