သရက်မြို့နယ်အတွင်း ဒို့အတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သရက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒို့အတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေး အတွင်း၊ အပြင်များနှင့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှေ့တို့တွင် လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဒို့အတူ မဲပေးကြမည် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများတို့က “ဒို့အတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ပါ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့နှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)