မင်းတုန်း ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရွေးကောက်ပွဲလှုံ့ဆော်ရေးအစီအစဉ်များကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” စာသားပါ (၂×၅)ပေ အရွယ်အစားရှိ ဗီနိုင်း များအား အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာဈေး၊ အမှတ်(၄)ရပ်ကွက် လမ်းမတော်လမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်း ကံလည်တံတားထိပ်တို့တွင် စိုက်ထူခဲ့ကြပြီး ဈေးသွားဈေးလာများနှင့် လမ်းသွားလမ်းလာများကို “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)