လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကြေညာထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ကွင်းဆင်း လေ့လာခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် အမှတ်(၁)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု များအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြည်သူများအား တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ဦးနူန်း လာရောက်ကြည့်ရှုရေး ဆော်သြပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများအား ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်လိုခြင်း၊ ပြင်ဆင်လိုခြင်းများ ပြုလုပ်လိုပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးရန် မဲစာရင်းကပ်ထားမှု အခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)