သံတောင်ကြီးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

သံတောင်ကြီး ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့မွန်းလွဲ (၁) နာရီ၌ ရပ်ကွက် (၄) လမ်းဆုံ၊ ဈေးဆိုင်များ၊ လူသွားလူလာများသောနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ“ (၁) ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ”၊ (၂)“ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဆောင်ရွက်နိုင်ပါသည်”၊ (၃) “ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးကြပါစို့”၊ (၄) “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့်အကြောင်း အရာပါ လက်ကမ်းစာစောင်များကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ