ဗိုလ်တထောင် ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် ဗိုလ်တထောင်မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းခြင်းကို ရပ်ကွက် (၁၂) ခုတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း တွင်ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင် ပါ၀င်သည့် အမည်စာရင်း မှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံကွင်းဆင်းကာ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)