တောင်ဥက္ကလာပ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ မွှန်းလွဲပိုင်းအချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် Yangon United FC ဘောလုံးအသင်းတို့ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါခြေစမ်းပွဲသည် မြန်မာလက်ရွေးစင်ဘောလုံးအသင်း၏ အားနည်းချက်၊ အားသာချက်များကို စမ်းသပ်နိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်နှင့်အညီ နှစ်သင်းစလုံးအားကြိုးမာန်တက်ယှဥ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါအကြိတ်အနယ် ယှဥ်ပြိုင်ကစားကြရာတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက Yangon United FC ဘောလုံးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)