တောင်ဥက္ကလာပ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ပြည့်နှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းရာတွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင်အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မင်းဟန် (ပြန်/ဆက်)