သာကေတမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေးတာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းကြည့်ရှုအားပေး

သာကေတ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်းဆောင်ရွက်နေမှုအား နိုဝင်ဘာလ ၃၀ ရက်နေ့ (၈) နာရီခွဲအချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ၈/ရပ်ကွက်၊ ၁၀/တောင်ရပ်ကွက်နှင့် ၁/အနော်မာရပ်ကွက်အတွင်း မဲစာရင်းပါရှိရေး ဆောင်ရွက်နေမှုအား ဗိုလ်တထောင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် မစကအဖွဲ့ဝင်များက အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ မဲစာရင်းတွင် မချွင်းမချန်ပါရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်စေရေး၊ မပါသင့်မပါထိုက်သူများ မပါဝင်စေရေး၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင်ပါ၀င်သည့် အမည်စာရင်း မှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ၊ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါဝင်ပြီး၊ မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရန်မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း(DoortoDoor)စာရင်းကောက်ယူဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်