ဘားအံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၆/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်သီးနှံများအားလုံးပန်းတိုင်ရည်မှန်းချက်ပြည့်မီရန်လိုပြီး စီးပွားရေးအလားအလာကောင်းသော ငရုတ်ကောင်း၊ ကော်ဖီ၊ နေကြာ၊ ကြက်သွန်နီတို့ကို တိုးချဲ့စိုက်ပျိုးကြစေလိုပြီး မျိုးကောင်းမျိုးသန့် စပါးမျိုးများကို နည်းလမ်းရှာစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ကြစေလိုကြောင်းပြောကြား သည်။
ထို့နောက် ပြည်နယ်အစိုး ရအဖွဲ့ဝင်များက ကော်ဖီ၊ ငရုတ်ကောင်း၊ ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံ အားမခံထားရှိနိုင်ရေးဆွေးနွေး တင်ပြကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ကာလတူ နှိုင်းယှဉ်ချက်၊ သီးနှံအထွက်နှုန်းနှင့်မြေဆီလွှာပြုပြင်ဆောင်ရွက်မှု၊ မျိုးစေ့ထုတ်လုပ်ငန်းများ နည်းပညာပေး စံပြကွက်များ မျိုးစေ့ဖြန့်ဖြူးထားရှိမှုနှင့်တိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးထားမှု၊ မွေးမြူတိရစ္ဆာန်ကောင်ရေ၊ အသား၊ ငါး၊ ဥထုတ်လုပ်မှု စားသုံးမှု ဖူလုံမှုအခြေအနေများကိုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် လယ်ယာ၊ သားငါးကဏ္ဍအကောင်အထည်ဖော်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အများပြည်သူပါဝင်မဲပေးနိုင်ရေးနှင့်မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်နေပြီး ယခုအခါတစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ရာတွင် စနစ်တကျရှိစေရေး၊ ကြိုတင်မဲပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များကိုဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဌာနများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မဲစာရင်းမှန်ကန်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေရရှိရေး၊ လမ်း/တံတားအစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ် အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)