နတ်မောက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက မြို့နယ်အတွင်းရှိမိခင်နှင့် ကလေးများကျန်းမာဖွံဖြိုးရေးနှင့် အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား အသိပညာပေးပြောကြားခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းက မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့် ကျန်းမာရေးဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ ရပ်ကွက်/ ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း