မိုင်းရှူး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နုတ်ဖြေဖြေဆိုရမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အထက(မိုင်းရှူး၊ မိုင်းစံ၊ ဝမ်ကန်၊မိုင်းအော့) ကျောင်းများမှ Grade(9)မှ Grade(12)အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိဆရာ/ဆရာမများက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)