ပခုက္ကူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာမျိုး(တွဲဖက်)က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းရင်းများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဝင်း(တွဲဖက်)က မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်တားဆီးကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ စာအုပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များ၊ နေ့ထူးနေ့မြတ်များဆိုင်ရာ ပြိုင်ပွဲဝင် စာစီစာကုံး၊ ကဗျာစာအုပ်များကို စနစ်တကျခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)