မိတ္ထီလာ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ပေါက်ချောင်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထိုနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သူများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျ၊ မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိနှင့် ခရိုင်စိုက်ပျိုးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းတို့ကလည်းကောင်း၊ သင်တန်းသားတစ်ဦးထံသို့ သင်တန်းသူ၊ သင်တန်းသားများ၏ သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းသူသင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးစကား ပြောကြားသည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ ၁ဝ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး သင်တန်းကာလ ၂၁ ရက်တာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ