ချမ်းမြသာစည်မြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ချမ်းမြသာစည် ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

ရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားသည့် ဈေးများ၊ ကားဂိတ်များ၊ အလှပြင်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရပ်ကွက်များရှိ အများပြည်သူများအား “ရွေးကောက်ပွဲတွင် ဒို့အတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်စာရေးများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်)