ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး 

ပြင်ဦးလွင် ဒီဇင်ဘာ ၃  

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာ၀န်ရှိသူများသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းမှ စတင်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပြည်သူများ၏ မဲဆန္ဒရှင်စာရင်များ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးသည်။ 

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မဲရုံများသို့ လာရောက်၍ မဲပေးနိုင်ရေး၊ မဲစာရင်းအတိုး/အလျှော့များ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကျန်ရှိမှု မရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာပြုစုနိုင်ရေး၊ မဲစာရင်းတွင် ပါ၀င်နိုင်ရေးနှင့်  စာရင်းကွာဟမှု မရှိစေရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မဲစာရင်းပြည့်စုံမှန်ကန်ရေးစိစစ်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အဖွဲ့၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူပြုစုနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)