ရမည်းသင်း ဒီဇင်ဘာ ၃
ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များအား Installations ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အီလက်ထရောနစ်မဲပေးစက် MEVM စက်များအား Installations ပြုလုပ်နေမှုတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင့်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်တာဝန်ရှိသူများက ရမည်းသင်းမြို့နယ် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သောအဖွဲ့ ၁၅ ဖွဲ့နှင့် ခရိုင်/မြို့နယ်အီလက်ထရောနစ်မဲပေးစက် MEVM စက်အလုံး ၆၅၀ လုံးတို့ကို Installations ပြုလုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အီလက်ထရောနစ်မဲပေးစက် MEVM စက်များအားInstallations ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ရမည်းသင်းမြို့နယ်အတွက် လိုအပ်သော အလုံးရေ ၆၅၀ လုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)