ရမည်းသင်းမြို့နယ်၊ အ.ထ.က (မြို့မ) ကျောင်း၌ အခမ်းနားမှူးသင်တန်းဖွင့်ပွဲ ကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၃

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မြန်မာစာ၊ မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ၊ အသံထွက်မှန်မှန်၊ သဒ္ဒါမှန်မှန်၊ အဖြတ်အတောက်မှန်မှန် သုံးစွဲနိုင်ရန်နှင့် အခမ်းအနားမှူးလုပ်ငန်းကို သိရှိနားလည်ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို အ.ထ.က (မြို့မ) ကျောင်း ဓမ္မာရုံ၌   ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားဖွင့်ပွဲကို အ.ထ.က (မြို့မ) ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမူး ဒေါ်သိမ့်သိမ့်မျိုးက အခမ်းနားမှူးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန့်ကြားရေးမူး ဒေါ်သိမ့်သိမ့်မျိုးက အခမ်းအနားမှူး ဆိုသည်မှာ MC တစ်ယောက်တွင် ရှိရမည့်အရည်အချင်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲရေးနှင့် ကြိုတင်ပြင်ဆင်မှု၊ အ.ထ.က (မြို့မ) ဆရာမဒေါ်စုစုရည်က အခမ်းအနားအမျိုးအစားများနှင့် တွေ့ကြုံရသည့် အခက်အခဲများ စသည့် ဘာသာရပ်အသီးသီးကို စာတွေ့လက်တွေ့ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းနားမှူးသင်တန်းကို အ.ထ.က (မြို့မ) ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလကို ဒီဇင်ဘာလ ၁ ရက် နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ခရိုင်/ပြန်ဆက်)