ပိုင်ကျုံမြို့တွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ နိုဝင်ဘာ လ (၂၇) ရက်မှ စတင်ကာ အိမ်တိုင်ရာရောက် ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေးကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ အဖွဲ့ခွဲ၍ မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြပြီး ကွင်းဆင်းဆောင်ရွက်မှုကို မြို့အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်က လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈) ခုတို့တွင် စုစုပေါင်းမဲရုံ (၄၉) ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

နော်ခူး(ပြန်/ဆက်)