စဉ့်ကိုင် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲ မြန်မာစာဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက ဖြေဆိုခဲ့သည်။
အဆိုပါ (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲ မြန်မာစာဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade (9) ကျောင်းသား/ ကျောင်းသူ (၁၇) ဦး၊ Grade (10) ကျောင်းသား/ကျောင်းသူ (၁၇) ဦး၊ Grade (11) ကျောင်းသား/ ကျောင်းသူ (၁၆)ဦး၊ Grade (12) ကျောင်းသား၊ ကျောင်းသူ (၁၁) စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၆၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် တာဝန်ရှိဆရာ/ ဆရာမများက စာမေးပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျအနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)