ကျေးသီး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက ကျေးသီးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့ နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အ.ထ.က (ကျေးသီး၊ မိုင်းနောင်၊ ဝမ်ဆင်း) ကျောင်းများမှ Grade(9)မှGrade(12)အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိဆရာ/ဆရာမများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)