ရမည်းသင်း ဒီဇင်ဘာ ၃
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အမျိုးသားယဥ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က (သိမ်ကုန်း) ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသားကျောင်းသူများ အသိလိမ္မာတိုးပွားမှုရရှိစေရန်၊ အမျိုးဂုဏ်ဇာတိဂုဏ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းစွာဆက်ဆံတတ်စေရန်၊ ယဥ်ကျေးလိမ္မာသော လူတော်လူကောင်းများဖြစ်စေရန်၊ အမျိုးဘာသာ ယဥ်ကျေးမှုအမွေအနှစ်ကို ကာကွယ်စောင့်ရှောင့်နိုင်စေရန် အစရှိသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင်ပြန်/ဆက်)