ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကျန်ရှိမှု မရှိစေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ

ချမ်းမြသာစည် ဒီဇင်ဘာ ၃

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းတွင် မြို့နယ်အတွင်း ရပ်ကွက်ကြီး ၁၄ ရပ်ကွက်သို့ ကွင်းဆင်း၍ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်‌စာရေးများနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများမှ Door to Door မြေပြင်ကွင်းဆင်း၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)