သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

သဲကုန်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျာင်း(သဲကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ Grade-9 မှ(၅)ဦး၊ Grade-10မှ (၁၀)ဦး၊ Grade-11မှ(၈)ဦးနှင့် Grade-12 မှ(၂)ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ (၂၅)ဦးတို့က မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး၊အဆိုပါ ကျောင်းသား/ကျောင်းသူများကို ဒီဇင်ဘာဘာလ(၄)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း(အားကစားနည်း-၅မျိုး)ကို မြို့နယ်အားကစားကွင်းတွင် ဆက်လက်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော် (သဲကုန်း)