လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေးတစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း (Door to Door) စနစ်ဖြင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။

ထို့သို့ ဆောင်ရွက်ရာနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုနှင့် မဲစာရင်းကျန်ရှိမှု မရှိစေရေးအတွက် အိမ်တိုင်ရာရောက် မိမိရပ်ကွက်အတွင်း နေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်းတွင် ပါမပါတိုက်ဆိုင်စစ်ဆေး၍ မဲစာရင်းကောက်ယူမှုများကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူလျက်ရှိသည်။

ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)