ရန်ကင်းမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ

ရန်ကင်း ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ရန်ကင်းမြို့နယ်အတွင်းရှိ ကောလိပ်ကျောင်းနှင့် ပြည်သူများထံသို့ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းတည့်(၁၂)နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ရန်ကင်း​မြို့နယ်၊ ရန်ကင်းပညာ​ရေးဒီဂရီကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရန်ကင်းမြို့နယ်အတွင်းရှိ

ပြည်သူများ လက်ဝယ်အရောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ” စသောအကြောင်းအရာများပါဝင်ပြီး အများပြည်သူသိရှိနိုင်ရေး YBS ယာဉ်များတွင်လည်း ဒို့အတူတူမဲပေးကြမယ် အသိပညာပေး စတစ်ကာများ ကပ်ထားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

လှလှထွေး (ပြန်/ဆက်)