ချမ်းအေးသာစံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ချမ်းအေးသာစံ  ဒီဇင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို  ဝါခင်းကုန်းကျောင်း၊ ဆူးဖြူသာသနာ့ရိပ်သာရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ် ဝါခင်းကုန်းကျောင်း၊ ဆူးဖြူသာသနာ့ရိပ်သာတွင် နေထိုင်လျက်ရှိသည့် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးပျက်ဆီးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး၊  မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ  ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှုး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)