ကျောက်ဆည်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၃

ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်းအဆင့် Grade-9 မှ Grade-12 ထိ ကျောင်းသား (၃၄) ဦး၊ ကျောင်းသူ (၃၈) ဦး၊ စုစုပေါင်း (၇၂) ဦးဖြေဆိုလျက်ရှိရာ လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ (၃) ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာ၊ (၄) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့်လူတွေ့နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ပြီး (၅) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများ လက်တွေ့ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စုစုအေး(ကျောက်ဆည်)