သာစည်မြို့နယ် အ-ထ-က(ခွဲ)မရွေး၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

သာစည် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်တက်လာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မရွေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ကြောင်း သိရသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးခက်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထွေးထွေးစိန်က ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဦးဇော်မင်းထွေးက စာဖတ်ရှိန်မြင့်မားလာစေရေး စာဖတ်ခြင်းအကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)