ချမ်းအေးသာစံ ဒီဇင်ဘာ ၃
ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
“ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတများစွာရရှိစေရေးနှင့် ဘက်စုံထူးချွန်သည့် လူရည် ချွန်များ ပေါ်ထွန်းလာစေရေးတို့အတွက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း” မြို့နယ်ပညာရေးမှုး ဆရာမကြီး ဒေါ်ဝါဝါကျော်က ပြောကြားခဲ့သည်။
မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ Grade-10 ကျောင်းသား၊ ကျောင်သူ ၁၃ ဦး၊ Grade-11 ကျောင်းသား၊ ကျောင်သူ ၁၁ ဦး၊ Grade-9 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉ ဦး ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး စာမေးပွဲကာလမှာ ဒီဇင်ဘာလ ၃ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးထံမှ သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)